Submitted by Aung San U on Wed, 09/23/2020 - 15:17

ပြည်ထောင်စုမြန်မာနိုင်ငံသည်အမေရိကန်(သို့မဟုတ်)ကနေဒါကဲ့သို့သောဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရှုမြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနိုင်ငံများသည် ပြည်နယ် များစွာဖြင့် ဖွဲ့စည်းထားပြီး ၎င်းပြည်နယ်များတွင်လည်း မတူကွဲပြားသော လူမျိုးစု များစွာ ရှိသည်။ မြန်မာနိုင်ငံ၏ပြည်နယ်များသည် အချုပ်အခြာအာဏာ မရှိသောကြောင့် ဖက်ဒရယ် ပြည်ထောင်စု မဟုတ်ပေ။ ကွန်ဖက်ဒရေးရှင်း Confederation (ဥရောပယူနီယံကဲ့သို့) နှင့် ဖက်ဒရေးရှင်း Federation ၏အဓိပ္ပါယ်ဖွင့်ဆိုမူများကို နားလည်မှု ရောထွေးနေသော ပြည်သူလူထု အချို့များ ရှိကြသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာဥပဒေများသည် အခြေခံအားဖြင့် ပြည်ထောင်စု ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စု အတွက်သာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် တိုင်းပြည်တစ်ခုတည်း အနေဖြင့် ကွန်ဖက်ဒရိတ်အဖြစ် သတ်မှတ်ထားသော နိုင်ငံတစ်ခုမျှမရှိပေ (ဆွစ်ဇာလန် နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က စာရွက်ပေါ်တွင်သာ ပြဌာန်းထားသည့် ကွန်ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ခဲ့ သော်လည်း ယခုအခါတွင် အခြေခံအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု သာဖြစ်သည်) ။ ၁၈၆၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသည် တောင်ပိုင်းကွန်ဖက်ဒရိတ် ဖွဲ့စည်းခြင်းကို နှိမ်နှင်းရန်အတွက် ထောင်ပေါင်း များစွာသော အသက်စတေးခဲ့ ရသော ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ဖူးသည်။

နိုင်ငံတိုင်းတွင်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပေ။ ဥပမာအားဖြင့် သမိုင်းတစ်လျှောက်တွင် ဗြိတိသျှ - ဗြိတိန် ကဲ့သို့ သမိုင်းရှည်လျားသော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် ပင်လျှင် ယင်း၏ အင်ပါယာမတိုင်မီ အာဏာရှိသူများအတွက် ကောင်းမွန်သည့် ဥပဒေများ ရှိခဲ့ပြီး၊ အောက်ခြေအဆင့် လူတန်းစားများ အတွက်လည်း အလွန် ရက်စက်သော ဥပဒေများ ရှိခဲ့သည်။ ယုံကြည်စိတ်ချ ကျေနပ်ရသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် မလွယ်ကူပေ။ နိုင်ငံရေးအရ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲမှုရှိသော အာဏာရှင်နိုင်ငံများသည် ယေဘုယျအားဖြင့် ပြဌာန်း ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုလားပေ။ ပြည်သူလူထုများအနေဖြင့် အမိန့်အားနာခံသည်မှလွဲ၍ ဆန္ဓာထုတ်ဖော်ခွင့် မရှိခဲ့ပေ။  သို့မဟုတ်ပါက အသက် အန္တရာယ်နှင့် ဆင်းရဲနွမ်းပါးမှုစသည့် စိုးရိမ်ဖွယ်ခြိမ်းခြောက်မူ ဖြစ်နိုင်ခြေများ အချိန်တိုကာလအတွင်း လျှင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။ ထိုကဲ့သို့သော အစိုးရများသည် ပညာရေး အဆင့်အတန်း နိမ့်ကျသော တတိယအဆင့် ကမ္ဘာ့ နိုင်ငံများ third world သို့မဟုတ် ပညာရေး အဆင့်အတန်း နိမ့်ပါးသော နိုင်ငံများ ထဲတွင် တည်ရှိလေ့ရှိသည်။ ယခုလို အင်တာနက်ဆက်သွယ်ရေးကွန်ယက် ပျံ့နှံ့နေ သောခေတ်တွင် လူအစုအဝေးများကို သီးခြားခွဲထုတ်ခြင်း နှင့် မကောင်းသော အစိုးရကို တိုက်ခိုက်ဆန့်ကျင်သော ဆန့်ကျင်ရေး လှုပ်ရှားမှုများအား စုစည်းလို့ မရအောင် ပိတ်ပင်တားမြစ်ရန် အလွန်ပင်ခက်ခဲ လှပေသည်။ (တစ်ချိန်တုန်းက နေဝင်းသည် မြန်မာပြည်သူလူထုများအပေါ် ဘာလုပ်ခဲ့သလဲ ဆိုတာ  ပြန်လည် သသိရ စဉ်းစားကြည့်ပါ) ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဌာန်းခြင်း ဖြင့်  ခေတ်မှီတိုးတက်လိုသည့် နိုင်ငံများလည်းရှိကြသည်။ ထိုကဲ့သို့သော နိုင်ငံများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ပ၌ စစ်မှန် သောကမ္ဘာတွင် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ မှန်ဘီရိုထဲ တွင်သာလျှင် သေချာစွာ သော့ခတ်သိမ်းဆည်းထားသည်ကို တွေ့မြင် နိုင်ပါလိမ့် မည်။ (အမေရိကန် သမိုင်း ပညာရှင် John F. Cady ၏ စာအုပ်များမှ အရှေ့တောင် အာရှဆိုင်ရာ အကြောင်း များကို လေ့လာကြည့်ပါ)

ထိုနိုင်ငံများသည် အရေခြုံဟန်ဆောင်သော အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသော်လည်း မိမိနိုင်ငံ၏စီးပွားရေးကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်သဖြင့် ပြည်သူလူထုများလည်း ပြည်ပသို့ လွတ်လပ်စွာသွားလာနိုင်ကြသည်။ ပြည်သူလူထုနှင့် အစိုးရအကြား အဆင်ပြေ ချောမွေ့မှုရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသရွေ့ မည်သည့် စနစ်ဖြင့် အုပ်ချုပ်စေကာမူ နိုင်ငံရေးပြဿနာမဖြစ်နိုင်ပါ။ ဤကမ္ဘာကြီးကို လွှမ်းမိုးဖို့ ကြိုးစားနေသော စူပါအင်အားကြီး နိုင်ငံများရှိကြ၏ ၎င်းတို့သည် ဒီမိုကရေစီအား အလွန်တန်ဖိုးထားကြောင်း ယုံကြည်စေလိုခြင်း နှင့် ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံမူ များသည်လည်း အလွန်ကောင်းပြီး  ဘုရားတစ်စူလို ကိုးကွယ်ရန် လိုအပ်သည် ဟူသော အတွေးများဖြင့် ရိုက်သွင်းပေးစေလိုသည်။ ထို ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် စာရွက်ပေါ်တွင်ကောင်းမွန်စွာ ရှိကောင်းရှိနိုင်သော်လည်း၊ လိုအပ်လျှင် အရာအားလုံးကို လွှမ်းမိုးနိုင်ရန်အတွက် ထို "မြင့်မြတ်သော"  စာရွက်စာတမ်းများ ကို ဘေးသို့ဖယ်ထုတ်ကာ လိုအပ်သလိုလျစ်လျူရှုထားပြီး ထောင်ပေါင်းများစွာ သော ငြင်းဆန်သူများအား သတ်ဖြတ်ကြပြီး ရှေးခေတ်နှစ်ပေါင်းနှစ်ထောင်က ရောမအင်ပါရာများနှင့် မတူခြားနားသော့ပါ။

အထက်ပါစာပိုဒ်များမှာ လက်တွေ့ကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိပ္ပါယ်ကို အတိုချုပ် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ နှင့်လူမျိုးများ၏ အကျိုးစီးပွားများသာမက ကမ္ဘာမြေကြီး၏ အကျိုးစီးပွားများ ကိုပါ အကျိုးပြု စေသည်။ အသင့်အသင့်ကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာကို ချုပ်ကိုင် ထားသူများ (သို့) သြဇာလွှမ်းမိုးသူများက တစ်ကိုယ် ကောင်းဆန်သောရည်ရွယ်ချက်များဖြင့် ပြုစုဖန်တီးခဲ့ကြသည်။ အာဏာရှင် အစိုးရများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဥပဒေများကို မလိုအပ်ပါ။ ဒီထက်ပိုပြီး ဆိုးဝါးသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုများ အတွက် သာ ပြုစုပေးလိမ့်မည်ဖြစ်သည်။ ယင်းသည် ဝေါ်ဟာရအသုံးနူန်း တိုတောင်းလျှက် အနက်အဓိပ္ပါယ်ကြွယ်ဝလျှက်ရှိပြီး အကယ်၍ အစိုးရဝန်ထမ်းများက ကျင့်ဝတ် ဆိုင်ရာအပြုသဘောဆောင်သော စိတ်ဓာတ်များရှိပြီး ကောင်းမွန်စွာ လုပ်ကိုင်နိုင် လျှင် ၎င်းတို့သည် ပြည်သူလူထုများအပေါ် အကျိုးပြုနိုင်ပြီး ကောင်းကျိုးများစွာ ရရှိစေနိုင်ပါသည်။