Submitted by Aung San U on Tue, 09/08/2020 - 15:25

ဦးအောင်ဆန်းဦး၏ တန်ဖိုးရှိသောဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) မှ ကောက်နုတ်ချက်

နှစ်ဦးနှစ်ဖက်အနိုင်ရရှိမူ (WIN-WIN)ကို စဥ်းစားတွေးခေါ် ဆောင်ရွက်ခြင်းသည် ပူးပေါင်း ဆောင်ရွက်ခြင်း၏ စွမ်းအားပင်ဖြစ်သည်။ ဤစွမ်းအားမဲ့အဖွဲ့အစည်း၏ အတိုင်း အတာနှင့်အရွယ်အစားသည် အလွန်ပင်အကန့်အသက်ရှိပြီး ဤစွမ်းအားမျိုး ရှိသော အဖွဲ့အစည်းနှင့်ယှဥ်ပြိုင်လို့မရနှိင်ပါ။ သမိုင်းတလျှောက်တွင် ပျောက်ကွယ် ကုန်သော ယဥ်ကျေးမူများရှိသကဲ့သို့ အချင်းချင်းနှင့် အိမ်နီချင်းမျိုးနွယ်စုများအ ကြား အေးချမ်းစွာနေထိုင်ဆက်ဆံနိုင်စွမ်းမရှိခြင်းကြောင့် နိမ့်ပါးပျောက်ကွယ် သွားသော ယဥ်ကျေးမူများလည်း ရှိခဲ့ပါသည်။ ကျွန်တော်တို့ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ပိုမိုရင့်ကျက်ထက်မြက်လာကြဖို့ မျှော်လင့်ထားပါသည်။ အသိပညာနှင့် အတွေ့အကြုံများလာသည်နှင့်အမျှ စိန်ခေါ်မူရှိသောစီမံကိန်းများ သာမက  လူပေါင်းမျိုးစုံနှင့်အတူ လက်တွဲလုပ်ကိုင်နိုင်စေမည့် မှန်ကန်သောဖြေ ရှင်းနည်းများရှာဖွေရာတွင် ပိုမိုကောင်းမွန်လာကြ မည်ဖြစ်သည်။ ကွဲပြားခြားနား သော ဖြစ်ရပ်မှန်များကို နားလည်သဘောပေါက်လာသည်နှင့်အမျှ ကျွန်တော်တို့ ၏ လိုက်လျောညီထွေမူများလည်းတိုးတက်လာပြီး လက်တွေ့မကျပဲ အပိုသက် သက် ဖြစ်နေသော အလုပ်မျာကိုရှောင်ရှားပြီး မှန်ကန်သောအခွင့်အ‌ရေးများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မူများဖြစ်လာစေရန် နည်းလမ်းများရှာဖွေ တွေ့ရှိ နှိင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ တန်ဖိုးမြင့်တင်ခြင်းလုပ်ငန်း (Value added work) နှင့် အကျိုးမဲ့ အလုပ်များအကြား တွင်ခွဲခြားသိမြင်ပြီး သတိမူ လုပ်ကိုင် ရန်ပင်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိရေး WIN-WIN အတွေးအခေါ် စိတ်နေ သဘောထားသည် တန်ဖိုးမြင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင်လည်း ပိုမိုကြီးမားကောင်းမွန်သော အကျိုးရလဒ် “Pies” များထွက်ပေါ် စေနှိင်သည်။ အကျိုးရလဒ်များ ခွဲဝေရာတွင်လည်း မျှသလွယ်ကူစေသည်။