ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သားဦးဖြစ်သော အောင်ဆန်းဦး ဖြစ်ပါသည်။   အင်္ဂလန်နိုင်ငံမှ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံဘွဲ့ ( Bachelor of Science in Electric Engineering (BSEE)) နှင့် လျှပ်စစ်အင်ဂျင်နီယာမဟာသိပ္ပံဘွဲ့ ( Master of Science in Electric Engineering (MSEE))တို့ကို ရရှိခဲ့ပါသည်။ ITT (International Telephone & Telegraph)၏ ဆက်သွယ်ရေးဆိုင်ရာ သုတေသန ဓါက်ခွဲခန်းတွင် နှစ်အနည်းငယ်မျှကြာ လုပ်ကိုင်ခဲ့ပြီးနောက် ITT (USA)က microelectronic မိုက်ခရိုအီလက်ထရောနစ်ဆိုင်ရာ အလုပ်အကိုင်ကမ်းလှမ်းလာ သောကြောင့် အမေရိကန်၊ Florida ဖရော်ရီဒါမြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၇၀ ခုနှစ် အစောပိုင်းကာလများတွင် microelectronic မိုက်ခရိုအီလက်ထရောနစ် နည်းပညာသည် အလွန်လျှင်မြန်စွာတိုးတက်ပြောင်းလဲလာခဲ့ပြီး ပြိုင်ဆိုင်မူများ လည်း ပြင်းထန်ခဲ့သည်။ လုပ်ငန်းခွင်၏တောင်းဆိုချက်အရ ကုမ္ပဏီတစ်ခုမှတစ် ခုသို့၊ ပြည်နယ်တစ်ခုမှတစ်ခုသို့ ပြောင်း‌ရွှေ့လုပ်ကိုင်ရခြင်းသည် ထိုခေတ်က လုပ် ရိုးလုပ်စဥ်ကိစ္စတစ်ရပ်ပင် ဖြစ်သည်။ ကျွန်တော်၏လုပ်ငန်းအတွေ့အကြုံများထဲ မှာ Fortune 500 ကမ္ဘာ့ထိပ်တန်းကုမ္မဏီ (၅၀၀) တွင်လည်းပါဝင်ပါသည်။ ကျွန် တော်သည် ထိပ်တန်းသိပ္ပံနှင့်နည်းပညာ Research and development  (R&D) ဂျာနယ်များတွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှုများ လည်း ထုတ်ဝေခဲ့သည်။ ကယ်လီဖိုးနီးယား California တွင် အခြေချသည့် မြန်မာ အမျိုးသမီး စာရေးဆရာမတစ်ဦးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်သိန်းနှင့် အိမ်ထောင်ပြုခဲ့ သည်။  အမေရိကန်ရေတပ်၌ စတင်အလုပ်ဝင်ချိန်တွင် San Diego ဆန်ဒီယေဂို မြို့အခြေစိုက် North Island နော့သ်အိုင်းလန်း လေယာဥ်တင်သင်္ဘောအခြေစိုက် စခန်းမှ ရုပ်ဝတ္တုပစ္စည်းဆိုင်ရာ အင်ဂျင်နီယာသုတေသန ဓါက်ခွဲခန်းဌာန Materials Engineering Lab တွင် တာဝန်ကျခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် ဌာန၏တစ်နှစ်တာ အကောင်းဆုံး ဝန်ထမ်းဆုကို ကျွန်တော် ရရှိခဲ့သည်။ ကျွန်တော်အငြိမ်းစာမယူမီ၊ အမေရိကန်နှိင်ငံကာကွယ်ရေးဌာန၏ ဆော့ဖ်ဝဲလ်ဖွင့်ဖြိုးတိုးတက် မှုအစီအစဉ်တစ်ခုဖြစ်သော အာကာသနှင့်နျူကလီးယားနည်းပညာများ အတွက် အသုံးချနှိင်ရန်လေ့ကျင့်ပေးသော စွမ်းရည်ဆိုင်ရာ ရင့်ကျက်မူပုံစံ CMM (Capability Maturity Model အသေးစိတ် လေ့လာရန် အတွက် web တွင်ကြည့်ပါ) သင်တန်းတွင် ပါဝင်ဆောင်ရွက် ခဲ့ပါသည်။

Image