Submitted by Aung San U on Fri, 09/11/2020 - 15:28

ဦးအောင်ဆန်းဦး၏ “ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ နှင့် ၁၉၄၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်အဖြစ်မှန်များကို နားလည်သဘောပေါက်ခြင်း” မှ ကောက်နုတ်ချက်

ဤဆောင်းပါးသည် မိမိကိုယ်ကို မြန်မာနိုင်ငံသားအဖြစ် ခံယူသူများအတွက်ရည်ရွယ်ပြီး ရေးသား ထားခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံနှင့် သင့်လျော်ပြီးအခြေခံကျသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် နားလည်မှုကို နားလည်ရန် လိုအပ်ပါ သည်။ နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူလူထု (တပ်မတော်အပါအဝင်) တို့သည် တရားမျှတမှုနှင့် စည်းလုံးမှုအတွက် စံနမူနာများသည် ၎င်းတို့ကို လိုအပ်သလို ကာကွယ်လိမ့်မည်ဟု ယုံကြည်ပြီးမှသာလျှင်  ဖွဲ့စည်းပုံအခြေခံဥပဒေသည် အောင်မြင်နိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူလူထုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခုခံကာကွယ်နိုင်သောစွမ်းရည် ရှိရမည် ဖြစ်သည်။ အကယ်၍ ပြည်သူလူထု အများစုသည် ဆင်းရဲနွမ်းပါးမှုအဆင့် အောက်ရောက်ရှိနေပြီး ပညာရေးနိမ့်ကျနေပါက ဒီမိုကရေစီသည် ၎င်းတို့အတွက် စိတ်ကူးအိမ်မက် ကောင်း တစ်ခုသာဖြစ်ပေလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိကိုယ်ကိုယ် အတွက် ခုခံကာကွယ်လို့မရသလို ငပိန်း(လှည့်ဖျားရလွယ်သူ)၊ ငတုံး (ထူတူတူ အတတ) ၊ ငကြောင် နှင့် ငယောင်များ ကိုလည်း ကာကွယ်ပေး လို့မရပေ။

စာဖတ်ပရိတ်သတ်များ ခဗျာ ပြည်သူပြည်သားတစ်ယောက်၏ တာဝန်ဝတ္တရားအရ ( citizen duty ) ဤpostလေးကို အများအတွက်အကျိုးပြုစေရန် ဝိုင်းဝန်းရှယ်ပေးကြပါ။