Submitted by Aung San U on Fri, 09/11/2020 - 06:37

ဦးအောင်ဆန်းဦး၏ မြန်မာနိုင်ငံ၏နိုင်ငံရေး နှင့်အစိုးရ စနစ်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ခြင်း (Development needed for Myanmar Political and Governmental Systems) မှ ကောက်နုတ်ချက်

ဘရာဇီးသည် ၁၉၈၅ မတ်လတွင် ၂၁ နှစ်ခန့်ကြာ အုပ်ချုပ်ခဲ့သည့်စစ်အာဏာရှင်စနစ်ကို အဆုံး သတ်ခဲ့သည်(အင်တာနတ်တွင်လေ့လာဖက်ရှုနှိင်ပါသည်) အရပ်သားအစိုးရသစ် အနေနှင့် ဒီမိုကရေစီအင်စတီကျူးရှင်း(Institution)များအား ပြန်လည်တည် ဆောက်ဖို့အတွက်၊ လက်ရှိမြန်မာဒီမိုကရေစီကို လိုလားသည့် မည်သည့်အစိုးရ အဖွဲ့အစည်းမဆို ထိုအချိန်က ဘရာဇီးနှိင်ငံ၏ ဒီမိုကရေစီကို မည်ကဲ့သို့ ပြန်လည် တည်ဆောက်သွားခဲ့သည်ကို လေ့လာသင်ယူသင့် ပါသည်။ တရုတ်ကဲ့သို့သော နိုင်ငံသည် လူနည်းစုများကြားထဲက လူနည်းစုငယ်များအများအပြားရှိသော်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးခြင်း မရှိပါ။ ထို့ကြောင့် ဖယ်ဒရယ်စနစ်သည် လူနည်းစု များ၏တည်ရှိမှုကို အုပ်ချုပ်ရန် တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါ။ အချို့ သောဖြစ်ရပ်များတွင် တရုတ်နှင့် မြန်မာ တို့သည် နယ်စပ်တလျှောက်တွင် တူညီ သောတိုင်းရင်းသားလူနည်းစုများ နေထိုင်ကြသည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံ သို့တင်ပို့မည့် ကွန်တိန်နာရထားလမ်းသည် အလွန်အရေးကြီးသော ပထဝီမဟာ ဗျူဟာတန်ဖိုး (Geo-strategic values) ရှိရာ ၎င်းအတွက် ဆောက်လုပ်ရေး လုပ် ငန်းကို ကုန်ကျစရိတ်စျေးနှုန်း (Cost pricing) အပေါ်မူတည်၍ စဉ်းစားလို့မရပါ။ မြန်မာနိုင်ငံ၏ ပိုင်နက်နေရာအတွင်း စီးပွားရေး လည်ပတ်မှုအတွက် ဝင်ငွေအများ ဆုံးနှင့် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် အနည်းဆုံး ဖြစ်သော တန်ဖိုးစျေးနှုန်း (value pricing)ကို ရရှိသင့်ပါသည်။ ပါတီငယ်များဖြင့် ဖွဲ့စည်းထားသော အစိုးရ ဖြစ်သော် ငြားလည်း ပညာရှင်အဖွဲ့ Think Tank များနှင့် လွှတ်တော်အမတ်များပေါင်း၍ မူဝါဒအသစ်များနှင့် ပြုပြင်ပြောင်းရမည့်မူဝါဒများကို စဥ်းစားနိုင်ပြီး  အောင်မြင်မှု များအားမြှင့်တင်ပေးနိုင် မည်ဖြစ်သည်။