Submitted by Aung San U on Tue, 09/08/2020 - 15:13

အလားအလာရှိသော အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်နိုင်ခြင်း အလားအလာရှိသော အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်နိုင်ခြင်း
အလားအလာရှိသော အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်နိုင်ခြင်း

ပညာတက်အများစုမှာလည်း ငပိန်း(လှည့်ဖျားရလွယ်သူ)၊ ငတုံး (ထူတူတူအတတ) ၊ ငကြောင် နှင့် ငယောင် များရှိသလို ပညာအနည်းငယ်သာတက်ကြသော လူအများစုမှာလည်း စဥ်းစားတွေးခေါ်တက်သော Critical thinking လူများ ရှိပါသည်။

၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုများအနေဖြင့် အလွန်အရေးကြီးသည့် လမ်းဆုံ လမ်းခွ၌ ရောက်ရှိနေကြောင်းကို အပြည့်အဝသတိထားသင့်ပါသည်။ စင်္ကာပူကိုကျော်မယ်ဆိုသော ကိုယ်ရည်ကိုယ်သွေး မူမမှန် (personality disorders) ရောဂါရှိသော ပါတီခေါင်းဆောင်များ ၊ ပါတီကိုယ်စလှယ်များ ၊ နိုင်ငံ‌ရေးသမားများ နှင့် ဒီမိုကရေစီ အမည်ခံသာဖြစ်သော အကျင့်စရိတ္တယိုယွင်းပျက် စီးပြီး ဒီမိုကရေစီ အယောင်ဆောင်သူများကို လုံးဝသည်းခံခြင်းမရှိဘဲ နိုင်ငံရေးခေါင်း ဆောင်မှုအတွက် မသင့်တော်သူများကို မဲမ ပေးဘဲဖယ်ထုပ်ရန် ပြည်သူလူထုတိုင်းမှာ တာဝန်ရှိသလို ၊ မြန်မာနိုင်ငံ၏‌အနာဂတ် အတွက် မှန်ကန်သော အစိုးရသစ်တစ်ရပ်ရွှေးချယ်နိုင်ရန် အတွက်လည်း ပြည်သူလူထုတိုင်းမှာ တာဝန်ရှိပါသည်။ အလားအလာရှိသော အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်နိုင်ခြင်း၏ နိုင်ငံရေးသဘောသဘာဝမှာ သမာဓိတရားရှိသော ခေါင်းဆောင်များနှင့် လိမ်ညာ၊ ကောက်ကျစ်၊ လှည့်ဖျား Lie ,Cheat and Deceive (LCD) ရှိသောခေါင်းဆောင်များ၏ ဖျားယောင်းသွေးဆောင်မူ အကြားမှ မှန်ကန်သောရွှေးချယ်ခြင်းပင် ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် စဥ်းစားတွေးခေါ်တက်သော Critical thinking ညဏ်ရှိမှသာလျင် အလားအလာရှိသော အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်နိုင်ပါမည် ဖြစ်ပါသည်။

စာဖတ်ပရိတ်သတ်များ ခဗျာ ပြည်သူပြည်သားတစ်ယောက်၏ တာဝန်ဝတ္တရားအရ ( citizen duty ) ဤpostလေးကို အများအတွက်အကျိုးပြုစေရန် ဝိုင်းဝန်းရှယ်ပေးကြပါ။