Submitted by Aung San U on Mon, 09/07/2020 - 06:28

ကျွန်တော်ပြောခြင်သော သမာဓိ၊ သီလ၊ အသိ-တသိတရား ဟူသောစိတ်ဓါတ်သည် ရည်မှန်းချက် နှင့်ပန်းတိုင်  (aims and objectives) လိုအပ်ပါသည်။ သမာဓိ ဆိုသည် စာကားလုံးတစ်လုံး (single word) နှင့် ရှင်းပြလို့မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းသည်အဓိပ္ပါယ်များစွားဖြင့် ပေါင်းစပ်ထားသောစာကားလုံးဖြစ်သည်။ သမာဓိ ရှိဖို့ အစ(starting point)က ဥပမာအားဖြင့် ခေါက်ဆွဲကြော် တဲ့လူတယောက်သည် ခေါက်ဆွဲကြော်သည့်နေရာမှာ ရှိသင့်ရှိထိုက်သော သမာဓိရှိမှသာလျှင် ၎င်း‌ကြော်ရောင်းနေသောခေါက်ဆွဲကြော်သည် အောင်မြင်နိုင်မည်။ ခေါက်ဆွဲ ကြော်သောလူ၏ သမာဓိတရားနှင့် အာကာသယာဥ် (Rocket) ကြီးကို လကမ္ဘာရောက်အောင် လုပ်ဆောင်ရမည့်သူ၏ သမာဓိတရားတို့သည် မတူကြပါ။ သို့သော် ၎င်းတို့၏ သမာဓိတရားသည် မတူကြသော်ငြားလည်း ၎င်းတို့လုပ်ဆောင်ရမည့် အခန်းကဏ္ဍ၏အလုပ်တာဝန်နေရာမှာတော့ အထွဋ်အထိမ့်ရောက်သွားအောင် လုပ်ဆောင်သွားနိုင်သည့် ( the best they can do)  သမာဓိတရား စိတ်ဓါတ်ကို ရှိရမည်။