Submitted by Aung San U on Tue, 09/08/2020 - 14:45

ဦးအောင်ဆန်းဦး၏ တန်ဖိုးရှိသောဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) မှ ကောက်နုတ်ချက်

ကျွန်တော်သည် အင်္ဂလန်နိုင်ငံမှ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံဘွဲ့ ( Bachelor of Science in Electric Engineering (BSEE)) နှင့် လျှပ်စစ်အင်ဂျင်နီယာမဟာသိပ္ပံဘွဲ့ ( Master of Science in Electric Engineering (MSEE))တို့ကို ရရှိခဲ့ပါသည်။ ကျွန်တော်၏လုပ်ငန်းအတွေ့အကြုံများထဲ မှာ Fortune 500 ကမ္ဘာ့ထိပ်တန်းကုမ္မဏီ (၅၀၀) တွင်လည်းပါဝင်ပါသည်။ ကျွန် တော်သည် ထိပ်တန်းသိပ္ပံနှင့်နည်းပညာ Research and development  (R&D) ဂျာနယ်များတွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှုများလည်း ထုတ်ဝေခဲ့သည်။ အမေရိကန်ရေတပ်၌ စတင်အလုပ်ဝင်ချိန်တွင် San Diego ဆန်ဒီယေဂို မြို့အခြေစိုက် North Island နော့သ်အိုင်းလန်း လေယာဥ်တင်သင်္ဘောအခြေစိုက် စခန်းမှ ရုပ်ဝတ္တုပစ္စည်းဆိုင်ရာ အင်ဂျင်နီယာသုတေသန ဓါက်ခွဲခန်းဌာန Materials Engineering Lab တွင် တာဝန်ကျခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် ဌာန၏တစ်နှစ်တာ အကောင်းဆုံး ဝန်ထမ်းဆုကို ကျွန်တော် ရရှိခဲ့သည်။ ကျွန်တော်အငြိမ်းစာမယူမီ၊ အမေရိကန်နှိင်ငံ ကာကွယ်ရေးဌာန၏ ဆော့ဖ်ဝဲလ်ဖွင့်ဖြိုးတိုးတက် မှုအစီအစဉ်တစ်ခုဖြစ်သော အာကာသနှင့်နျူကလီးယား နည်းပညာများအတွက် အသုံးချနှိင်ရန်လေ့ကျင့်ပေးသော စွမ်းရည်ဆိုင်ရာရင့်ကျက်မူပုံစံ CMM Capability Maturity Model (အသေးစိတ်လေ့လာရန်အတွက် web https://www.guru99.com/capability-maturity-model-cmm-cmm-levels-a-fool-s-guide.html  တွင်ကြည့်ပါ) သင်တန်း တွင် ပါဝင်ဆောင်ရွက်ခဲ့ရပါသည်။ အမေရိကန်သည် ၁၉၉၅ ခုနှစ်မှစ၍ အဆိုပါ နည်းစနစ်ကိုအကောင်အထည်ဖော်နိင်ရန် ဒေါ်လာသန်း ထောင်နှင့်ချီ သုံးစွဲခဲ့ရ သည်။ အမှန်ကတော့ အလွန်အရေးကြီးလှသည့် လုပ်ငန်းစဥ်များ ဆောင်ရွက် ရန်အတွက် ကြီးမားလှသည့် ကွန်ပျူတာစနစ်နှင့်အတူ ဆော့ဝဲလ်ကို အသုံး ပြုပြီး သမာဓိတရား၏ အမြင့်ဆုံးအမိန့်ဖြင့်  အကောင်အထည်ဖော်သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အသုံးပြုနေသည့် ဤစနစ်ကို အမှားအယွင်း လုံးဝမရှိစေရေး zero error ၊ ချို့ယွင်းချက် လုံးဝ မရှိစေရေး zero defects ပင်ဖြစ်သည်။