Submitted by Aung San U on Thu, 09/10/2020 - 17:29

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တပျက်ပြာမှု(Culture Disorders)ကို ရိုက်ခတ်သော အချက်များထဲတွင် နိုင်ငံရေးနှင့်အရပ်ဘက်လူ့အခွင့်အရေးသည် အဓိကပင်ဖြစ် သည်။ မြန်မာဘုရင်များ အုပ်ချုပ်စဥ်ကာလကပင် ပြည်သူလူထုတွင် နိုင်ငံရေးဆိုင် ရာတောင်းဆိုပိုင်ခွင့် လုံးဝမရှိမူနှင့် အရပ်ဘက်ဆိုင်ရာလူ့အခွင့်အရေးများမှာ လည်း အနည်းငယ်သာရှိသည်။  ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ရောက်ရှိ ချိန်ကာလတွင် ပြည်သူလူထုအတွက် အခွင့်အ‌ရေးများပေးအပ်သော ဥပဒေ ရေးရာစနစ်တစ်ခုရှိခဲ့သော်လည်း အဆိုပါအခွင့်အရေးများမှာ အုပ်ချုပ်သူ ဗြိတိသျှ တို့က‌စီစစ်ရွေးချယ်ပြီး ခွင့်ပြုခဲ့သောအခွင့်အ‌ရေးမျိုးသာဖြစ်သည်။ သူ့အချိန် သူ့အခါတွင် ထိုဥပဒေရေးရာစနစ်သည် အရပ်ဘက်တရားမျှသမူနှင့်စပ်လျဥ်း၍ မြင့်မားသော အဆင့်အတန်း တစ်ရပ်ရှိခဲ့ပေသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာရှင် စနစ်စတင်ခဲ့သည်။ ၎င်းစနစ်ကို အများ ပြည်သူများက ဆန့်ကျင်ခဲ့သောကြောင့် ထောင်ပေါင်းများစွာသောဗမာလူထု အကျင်းချခံခဲ့ ရသည်။ အဆိုပါ အာဏာရှင် စနစ်မှာ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအမည်ခံအစိုးရဖြင့် (တပ်မတော် အရာရှိဟောင်း ဖြစ်သူ)ဦးသိန်းစိန်တစ်ယောက်သမ္မတဖြစ်လာချိန်အထိသက်ဆိုးရှည်ခဲ့သည်။ ၎င်း တို့၏ ရည်ရွယ်ချက်တစ်ခုမှာ  ယခင်ခေတ်အဆက်ဆက်က ဗိုလ်ချုပ်ကြီးများနှင့် တရားသူကြီးများ ကျူးလွန်ခဲ့သည့်တရားမဝင်လုပ်ရပ်များကို (ယဉ်ကျေးမှုစံချိန် စံညွှန်းများအရ)အရေးယူခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ သမ္မတဦးသိန်းစိန်အစိုးရ ၏ကျူးလွန်ခဲ့သော မည်သည့်တရားမဝင် လုပ်ရပ်များမဆို (မှန်ကန်သောအရေးယူ ခြင်းမရှိပဲ) နောက်အစိုးရများမှ အရေးမယူ၍ ကာကွယ်ပေးကြသည်။ လက်ရှိ အစိုးရက ကျူးလွန်ခဲ့သောတရားမဝင်လုပ်ရပ်များကို ကာကွယ်ပေးရန် တစ်ခု တည်းသောနည်းလမ်းမှာ ရသောနည်းဖြင့် မိမိကိုယ်ကို ပြန်လည်ရွေးကောက်တင် မြှောက်ပြီး အကျင့်ပျက်တရားသူကြီး များ၏ အကူညီဖြင့် ၅ နှစ်တာ ကာလအတွင်း ကိုယ့်ကိုယ်ကိုကာကွယ်ခြင်း ဖြစ်သည်။ ရှေးဗမာ ဘုရင်များ၏လက်ထပ်တွင်ပင် ဤသို့သော တရားမျှတမှုနှင့် ဆက်နွယ်နေသော ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တ ပျက်ပြာမှု (Culture Disorders) များနှင့်သက်ဆိုင်သော အတွေးအခေါ်များ တွေ့ရှိနိုင်သည်။ လက်ရှိပြည်သူလူထုများအနေဖြင့် ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တ ပျက်ပြာမှုများကို ဖြစ်ပေါ်စေသည့် မည်သည့်နိုင်ငံရေးဦးဆောင်မှုများမဆို တွန်း လှန်လိုသောသောစိတ်ကို လျင်မြန်စွာမွေးထုတ်ရန် လိုအပ်ပါသည်။ အဆိုပါ ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တပျက်ပြာမှု (Culture Disorders) သည် လူမူ့အတိုင်း အဝိုင်းနယ်ပယ်တွင်ဖြစ်စေ၊ မိသားစုထဲတွင်ဖြစ်စေ ရှိကြသည်။ (ဥပမာအားဖြင့် အသံချဲစက် ၂၄ နာရီ ကျယ်လောင်စွာ ဖွင့်ခြင်းဖြင့် ဆူညံမူများဖြစ်စေခြင်း)

ဒီမိုကရေစီအမည်ခံထားသော အစိုးရအုပ်ချုပ်မူပုံစံသည် အကူးအပြောင်းကာလတွင် ခေတ္တခဏ သာဖြစ်သင့်ပြီး ဖွဲ့စည်းပုံဥပဒေရှိနေစေကာမူ ပိုမိုပြည့်စုံသောဒီမိုကရေစီပုံစံသို့ လျှင်မြန်စွာ‌ရွေ့လျားရာတွင် ဟန့်တားမူမရှိစေရန်အတွက် အမြင့်ဆုံးသောစံချိန် စံညွန်းရှိသင့် လှသည်။ တရားဥပဒေရေးရာနှင့်ပတ်သက်၍ စီရင်ဆုံးဖျက်သူတိုက အလွန်ဖြောင့်မတ်စွာ လေ့ကျင့်ဆောက်ရွက်နိုင်ရေးအတွက် ဤစာစု သို့မဟုတ် အလားတူဆောင်းပါးမျိုးက ဆောင်ကြဥ်းပေးရမည်ဖြစ်သည်။  အထူးသဖြင့် သမာ သမတ်မကျသော တရားသူကြီးများအပါအဝင် ဥပဒေမဲ့လှသည့် သူများ၊ မိမိ ကိုယ်ကို ဥပဒေ၏အထက်တွင်ရှိသည်ဟု ယူမှတ်သူများအတွက် အပြစ်ဒဏ်ပေးခံ ရလိမ့်မည်ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းမျိုးပပျောက်မှသာ ၎င်းတို့ ဖန်တီးခဲ့သော ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တပျက်ပြာမှု (Culture Disorders)ကို ပျောက်ကွယ် သွားမည် ဖြစ်သည်။

နောက်ထပ် ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တပျက်ပြာမှု (Culture Disorders)‌ရောဂါတစ်ခုမှာ “ငါနိုင်ရင် မင်းရှုံးရမယ်” "(I) WIN-(You) LOSE" ဆိုသည့် သဘောထား ဖြစ်သည်။ ယင်းမှာ အနှိင်ရရှိသူအတွက်ကတော့ အလွန်ပင်ကျေနပ်စရာ ဖြစ်ကောင်းဖြစ်လိမ့် မည်။ အနိုင်ရရှိသူအတွက် ရာခိုင်နှုန်းပြည့်ရလိုက်သော်လည်း ကျန်သူများအတွက် မှာ သုညသက်သက်သာဖြစ် သည်။ဤကဲ့သို့သော သဘောထားမျိုးအကြောင်းကို ကျွန်တော်တို့၏မြန်မာဘာသာစကား သင်တန်း၌ ဘဝဖြစ်ရပ်မှန်အဖြစ်မှားယွင်စွာ သင်ကြားခဲ့သည်။ အမတ်ကြီးအနန္တသူရိယ၏ အမျက်ဖြေလင်္ကာပါ ဆိုလိုချက် များကိုအလွတ်ကျက်မှတ်၍ မှားယွင်းစွာသင်ယူခဲ့ကြရသည်။ လက်တွေ့ ကမ္ဘာ့ လောကတွင် အနိုင်-အရှုံးရွေးချယ်မူသည် အပျက်သဘောဆောင်သော လှည့်စားမူ့ တစ်ရပ်ဖြစ်ပြီး ရေရှည်အတွက် မှန်ကန်သည့်ရွေးချယ်မူမျိုးမဟုတ်ချေ။ အဆိုပါ သဘောထား၏ နောက်ဆက်တွဲမှာ အမှန်တကယ်အနိုင်ရသူမဟုတ်ကြောင်း၊ ၎င်းနှင့်ပါဝင်ပတ်သက်သူအားလုံးသည် ရှုံးနိမ့်မူများသာရပြီး မည်သူမျှမနိုင်ပဲ နှစ်ဘက်စလုံးအရှုံးသာရင်ဆိုင်ရပြီး LOSE-LOSE Situation သာဖြစ်ပါသည်။