Submitted by Aung San U on Fri, 09/11/2020 - 16:09
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့၏ မအောင်မြင်မူအရာရာအားလုံး
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့၏ မအောင်မြင်မူအရာရာအားလုံး

ဦးအောင်ဆန်းဦး၏ “ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ နှင့် ၁၉၄၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်အဖြစ်မှန်များကို နားလည်သဘောပေါက်ခြင်း” မှ ကောက်နုတ်ချက်

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့၏ မအောင်မြင်မူအရာရာအားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ ဖြစ်သည်ဟူ၍ တိုက်ရိုက်အပြစ်တင် လေ့ရှိကြသည်။ ဤ ဆောင်းပါးကိုဖတ်ရှုသူများအတွက် “ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ နှင့် ၁၉၄၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်အဖြစ်မှန်များကို နားလည်သဘောပေါက်လျှင်  ဒေါ်အောင်ဆန်း စုကြည် နှင့် NLD တို့၏ လိမ်ညာမှုများကို ပေါ်လွင်စေပါသည်။ အားနည်းချက် များစွာရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသော်ငြားလည်း အပြုသဘောဖြင့် နိုင်ငံတော် ကို တိုးတက်အောင်လုပ်ဆောင် နိုင်သော နည်းလမ်းများစွာရှိပါသည်။ အကြောင်းမူကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၌ပင် အရည်အချင်းမရှိခြင်း ကြောင့်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကသို့ခြေမချမှီကပင်  စုကြည်သည်  ပရော်ဖက်ရှင်နယ် professional အဆင့်ရှိရှိအလုပ်များ တစ်ခါမျှ မလုပ်ခဲ့ဖူးပါ။ သူမ၏အဓိကအလုပ်မှာ အိမ်ရှင်မအလုပ်နှင့် အချိန်ပိုင်း ကလေးထိန်း ကျောင်းဆရာမ အလုပ်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ NLD အနိုင်ရရှိမှုမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် နိုင်ငံခြားသားများသည် သူမအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအဝင် ဂုဏ်ထူးဆု များစွာချီးမြှင့်ခဲ့သည်။ သူတို့အနေ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရည် ကိုယ်သွေးအရည်းအချင်းကို နားလည်သဘောပေါက်လာသောအခါ နိုဘယ် ငြိမ်းချမ်းရေးဆုမှလွဲ၍ သူမကိုပေးအပ် ခဲ့သောဆုများ အားလုံးနီးပါးကို ရုပ်သိမ်း ပယ်ဖျက်ခဲ့ကြသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရုပ်သိမ်းခြင်းနှင့်ပက်သတ်၍ အလေးအနက် ဆွေးနွေးမှုများလည်း ပြုလုပ် ခဲ့သည်။ သို့သော် ဤအပြုအမူသည် ဒေါ်အောင်ဆန်းစုကြည်ထက် ဤ ငြိမ်းချမ်းရေးဆု၏ ဂုဏ်သိက္ခာကို ပိုမိုထိခိုက် စေလိမ့်မည်ဖြစ်သည်။

စာဖတ်ပရိတ်သတ်များ ခဗျာ ပြည်သူပြည်သားတစ်ယောက်၏ တာဝန်ဝတ္တရားအရ ( citizen duty ) ဤpostလေးကို အများအတွက်အကျိုးပြုစေရန် ဝိုင်းဝန်းရှယ်ပေးကြပါ။